မြန်သလားတော့မမေးနဲ့ ပြင်ပီးသုံးကြည့်စေချင်တယ် မခက်ပါဘူး စာတွေကို copy/paste လုပ်ပေါ့..
သေသေချာချာ ဂရုတစိုက်လုပ်ဖို့တော့ အရေးကြီးပါတယ် .. မှားသွားခဲ့ရင်တော့ Mozilla ကို Uninstall လုပ်ပစ်ဖို့ပဲ ရှိတော့တာပေါ့ ..
ပြင်ဆင်မှုအားလုံးကို စနစ်တကျ အောင်မြင်သွားပြီဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ Mozilla Firefox ဟာ ဖလမ်းဖလမ်းထ အောင် မြန်ဆန်သွက်လက်
နေတာကို တွေ့ကြရမှာဖြစ်ပါတယ် ..
ဒီနည်းစနစ်က Mozilla Firefox တစ်မျိုးတည်းအတွက်ပဲဆိုတာကိုတော့ အသိပေးပါရစေ ......
Mozilla Firefox ကိုဖွင့်လိုက်ပါ (အင်တာနက်လိုင်း မရှိလည်း ပြင်ဆင်လို့ရပါတယ်) ပြီးတော့ အပေါ်က Address Bar မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ (မှားမှာစိုရင် Copy ကူးသွားပြီး Paste လုပ်လိုက်ပါ ) Enter နှိပ်လိုက်တဲ့အခါ .. ချိန်ညှိမှုတွေ လုပ်မယ့် Page ကိုသွားမှာဖြစ်တာကြောင့် .. အောက်မှာပြထားတဲ့ပုံအတိုင်း သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။

network.dns.disableIPv6 ကိုရှာပြီး Double Click နှိပ်ပြီး True ပြောင်းပေးပါ ..
ပြီးရင် အဲဒီ Page ရဲ့ ညာဘက်က လွတ်နေတဲ့ နေရာမှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက New ကိုရွေးပြီး Boolen ကိုတဆင့် ရွေးပေးပါ။ လွတ်တဲ့နေရာမှာ Right Click နှိပ်ခိုင်းပေမယ့် တစ်ခုခုမှာ ကလစ်မိပြီး အပြာရောင်လေးနဲ့ Select လုပ်သလိုဖြစ်သွားတာက ဘာမှ အရေးမကြီးပါဘူး .. အောက်မှာ ပုံနဲ့ ပြထားပါတယ် ..