<<<<<<< ရွှင်လန်းချမ်းမြေ့ပါစေ ............... ကျွန်တော်ဆိုဒ်လေးကိုလာလည်တဲ့အတွက်ကျေးဇူးပါနော်>>>>>>>>

ur ip

IP

Feb 26, 2013

window error တွေကို အကောင်းဆုံးဖြေရှင်းပေးမဲ့ဆော့ဖ်ဝဲ

နေ့စဉ်နဲ့အမျှ ကွန်ပျူတာကို သုံးလာရင်း တစ်ရက်ပြီးတစ်ရက်
Windows Error တွေတက်လိုတက် .. Virus နှောက်ယှက်လို နှောက်ယှက်
ကိုယ်တိုင်ကလိတာ လွန်သွားတဲ့အခါမျိုးတွေကလည်း ဒုနဲ့ဒေး
တစ်ကယ်တမ်းပြောရရင်တော့ အဲဒီလို ပြဿနာတွေ Error တွေနဲ့
နပမ်းလုံးနေရတာဟာ
ကောင်းပါတယ် .. ပညာတိုးလွယ်လို့ပါ ..
တစ်ကယ်ပါ .. ကျွန်တော်ဆို .. တစ်လကို နှစ်ခါသုံးခါလောက်
Windows ပြန်ပြန်တင်နေရတယ် ... ကလိတာလေ ..
တစ်ခါတစ်ခါများ ဗိုင်းရပ်တွေတောင် စမ်းပြီး Run ပစ်လိုက်သေး
Harddisk ဆိုလည်း လဲရတာ ခဏခဏပေါ့ ..

ကျွန်တော်က ၀ါသနာကိုပါလို့ စိတ်ဝင်တစားနဲ့ Error အတက်ခံပြီး ကလိတာဆိုတော့
ပြဿနာမဟုတ်ဘူးလေ .. Pro အဆင့်ကြီးမဟုတ်ပေမယ့် .. ဘယ် Error ကို
ဘယ်လိုရှင်းရမယ်ဆိုတာကိုက ခက်ခက်ခဲခဲ တွေးနေစရာမလိုဘူး
အဲ .. အတွေ့အကြုံနည်းသေးတဲ့သူတွေ .. ဒါမှမဟုတ်ရင် ကလိခါစသူတွေအတွက်တော့
ဒီလို Error တွေကြုံလာရင် စိတ်ညစ်ရမှာပါပဲ ..
CD/DVD drive ကြီးပျောက်သွားပြီ
Desktop ပေါ်က Icon တွေက ပုံတွေပြောင်းသွားတယ် (အမှန်အတိုင်းမပြတော့ဘူး )
Internet Explorer က မပွင့်တော့ဘူး ..
Temp ဖိုင်တွေများလာပြီး စက်ကြီးက တဖြည်းဖြည်းလေးလာတယ်
Shortcut Icon တွေကိုနှိပ်ရင် အမှန်အတိုင်းမပေါ်တော့ဘူး ..
အို .. များလိုက်တဲ့ Error တွေ ... တစ်နေ့ကို တစ်မျိုးမက ကြုံနေရတာပါပဲ ..
ကဲ .. ဒီလို Error တွေ တော်တော်များများကို ဆော့ဝဲလေးတစ်မျိုးတည်းနဲ့ ဖြေရှင်းနိုင်ပါတယ်...
အိုင်တီမုဆိုး ဆီက မ လာတာ...
http://www.sharebeast.com/uxkoan59owoe

http://www.sharebeast.com/uxkoan59owoe

ဒီဆော့ဝဲလေးက Freeware လေးမို့ Full Version ဖြစ်အောင် Crack နေစရာမလိုပဲ Install လုပ်ပြီ
သုံးရုံပါပဲ .. Windows 8 အထိ 32bit ရော 64bit ပါ သုံးလို့ရပါတယ် ..
တစ်ကယ်တော့ဒီဆော့ဝဲလေးကို ပေးတဲ့အကြောင်းရင်း နောက်တစ်ခုရှိသေးတယ်ဗျ ..
ဆော့ဝဲလေးကို ဒေါင်းပြီး Install လုပ်ပြီးပြီဆိုရင် အင်တာနက်ကွန်နက်ရှင်ကိုဖွင့်ပြီး
ဆော့ဝဲရဲ့ Windows ပေါ်က Tweaking.com ဆိုတဲ့ ပုံလေးပေါ်မှာ ကလစ်တစ်ချက်လောက်
နှိပ်လိုက်ပါ ...
Website တစ်ခုပွင့်လာပါမယ် ..
ပွင့်လာတဲ့ Page ရဲ့ ဘယ်ဖက်အပေါ်ဒေါင့်နားက Programs ဆိုတဲ့ menu ကို ထပ်နှိပ်လိုက်ပါ
ကဲ .. သူငယ်ချင်းတို့ အခုကျွန်တော်တင်ပေးတဲ့ ဆော့ဝဲလေးကို ဒေါင်းပြီး Install လုပ်ရတာ
တန်သွားပြီဆိုတာကို တွေ့ရပါလိမ့်မယ် ...